ဒဂုံ(အရှေ့) နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ တားဆီး၊ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးကာလတွင် ပုံမှန်ဝင်ငွေမရှိသော ဝင်ငွေနည်း အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုဝင်များအား နိုင်ငံတော်မှထောက်ပံ့သော ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၀၈၊ ၁၁၈၊ ၁၂၄)ရပ်ကွက်တို့၌ အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိသည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလက်လုပ်လက်စား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ၄၀၀၀၀ ကျပ်နှုန်းဖြင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ် ရေးအဖွဲ့များက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)