ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦးထပ်တွေ့

ကျောက်မဲ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို၊ အမှတ် () အခြေခံပညာ အလယ်တန်းကျောင်း Facility Quarantine Center မှ အသက် ၂၀ အမျိုးသား ဦးနှင့်  အာရုံဦးတည်း Hotelတွင် Hotel Quarantine ဝင်ရောက်နေသည့် အသက် ၃၉ နှစ်ရှိ အမျိုးသမီး ဦးထံမှ ယနေ့တွင် ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမှတ်( ) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကိုဗစ်၁၉ ပိုးတွေ့ခဲ့သည့် အမျိုးသားသည် နိုင်ဝင်ဘာ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် ပြန်လာသူဖြစ်ပြီး မူဆယ်တွင် ညအိပ်ရပ်နားခဲ့ကာ ကျောက်မဲမြို့သို့ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက ရောက်ရှိလာသည်။ ၎င်း၏ ဓါတ်ခွဲနမူနာများကို ပထမအကြိမ်စစ်ဆေးစဉ် ပိုးမတွေ့ဘဲ နိုဝင်ဘာ ၂၇ ရက်နေ့က ဒုတိယအကြိမ်အဖြစ် ထပ်မံရယူစစ်ဆေးခဲ့ရာ ကိုဗစ်၁၉ ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။

ကျောက်မဲမြို့ အာရုံဦး Hotel တွင် Hotel Quarantine ဝင်ရောက်နေသည့် အမျိုးသမီးသည်လည်း ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှ ပြန်လာသူဖြစ်ပြီး ကျောက်မဲမြို့သို နိုဝင်ဘာ ၁၈ ရက်နေ့က ရောက်ရှိကာ ဒုတိယအကြိမ် ဓါတ်ခဲနမူနာများကို ရယူစစ်ဆေးချိန်တွင် ကိုဗစ်၁၉ ပိုးတွေ့ခဲ့သည်။

ယနေ့တွင်ကိုဗစ်၁၉ ပိုးတွေ့ရှိသူနှစ်ဦး အား ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်၁၉ ကြပ်မတ်ကုသဆောင်တွင်ပြောင်းရွှေ့ ထားရှိသွားမည်ဖြစ်ပြီး ၎င်းနှင့်ထိတွေ့သူများကို အသွားအလာကန့်သတ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် မတ်လ ၂၉ ရက်နေ့မှစ၍ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့သူ စုစုပေါင်း ၁၃ ဦးရှိခဲ့ပြီး ၁၁ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

မိုင်းထွန်း(ပြန်/ဆက်)