ရွှေကူမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာများ ထားရှိကုသဆောင်ရွက်နိုင်ရန်အတွက် လယ်ပြင်ကြီးရပ် ဝန်ထမ်းအိမ်ရာ၌ ပြင်ဆင်ဆောင်ရွက်

ရွှေကူ            နိုဝင်ဘာ       

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက RDT(Rapid Antigen Diagnostic Test Kit) ဖြင့် ကိုဗစ်၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးလျှက်ရှိရာတွင် ကိုဗစ်၁၉ရောဂါ ပိုးတွေ့ အတည်ပြုလူနာများ ထပ်တိုးတွေ့ရှိနေသည့်အတွက်  မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိကုသရန်နေရာ အခက်အခဲရှိ၍ လိုအပ်ပါက အသုံးပြုနိုင်ရန်အတွက် ယမန်နေ့ နံနက် နာရီခန့်မှစ၍ ရွှေကူမြို့ လယ်ပြင်ကြီးရပ် ဝန်ထမ်းအိမ်ရာ()ခန်းတွဲ၌ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 

ယင်းသို့ ကိုဗစ်၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများ ထားရှိကုသရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသော လယ်ပြင်ကြီးရပ် ဝန်ထမ်းအိမ်ရာ ()ခန်းတွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်၁၉ရောဂါ ပိုးတွေ့ အတည်ပြုလူနာများကို တစ်ဦးနှင့်တစ်ဦး သီးခြားထားရှိ ကုသဆောင်ရွက်နိုင်ရန်အတွက် အိပ်ရာနေရာများ ကြိုတင်ပြင်ဆင်ခြင်း၊ လိုအပ်သောအသုံးအဆောင်ပစ္စည်းများ ထားရှိပေးခြင်းနှင့် အခန်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်၁၉ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ နိုဝင်ဘာလ(၂၇)ရက်နေ့အထိ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၁၈)ဦး ရှိပြီ ဖြစ်ကြောင်း၊ ()ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)