ကျောက်တန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ကြိုတင်ပြင် ဆင်မှုများ ကွင်းဆင်းဆောင်ရွက်

ကျောက်တန်း  နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများရှိ ကျေးလက်နေပြည်သူများ နွေရာသီရေရှားပါးပြတ်လပ်မှု မရှိစေရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးတို့ အတွက်ရည်ရွယ်၍ ကျေးရွာများ၏ လိုအပ်ချက်များကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း  လျာထားလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်ဆန် မှန်ကန်မှုရှိရေးအတွက်  ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ဝန်ထမ်းများက ကွင်းဆင်းတိုင်းတာခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ပျဉ်းမကန်ကျေးရွာ မြကိုင်းကျေးရွာနှင့် ခနောင်ကျေးရွာတို့တွင် နွေရာသီရေပြတ်လပ် မှုမရှိရေး၊ ရေကောင်းရေသန့် သုံးစွဲနိုင်ရေးတို့အတွက် ရေပေးဝေရေးလုပ်ငန်း၊ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း၊ ရေကန်အနက်နှိုက်ခြင်း လုပ်ငန်း၊ ရေကန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများ မှန်ကန်မှုရှိရေး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး မှာကြားပြီး ကုန်ထုတ်လမ်း ဆောင်ရွက်မည် နေရာတို့အားကွင်းဆင်း တိုင်းတာခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက်မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ဝန်ထမ်းများသည် လူထုဗဟိုပြုစီမံကိန်းဖြင့် ဆောင်ရွက်ထားသော ကျေးလက် ခန်းမသို့ သွားရောက်ပြီး ခန်းမပတ်ဝန်းကျင်လှပရေးအတွက် ပန်းအလှပင်များနှင့် အရိပ်ရ အပင်များ စိုက်ပျိုးထားရှိ မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခင်ဆွေဝင်း (ကျောက်တန်း)