ပြည်မြို့၌ တောင်သူလယ်သမားသင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြည် နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ဇီးအုပ်နယ်မြေရှေ့တန်းစခန်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ပြည်ခရိုင်တောင်သူ လယ်သမား သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်ဇော်နိုင်နှင့် တက်ရောက်လာသော ဧည့်သည်တော်ကြီးများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးရာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်ဇော်နိုင်က တောင်သူလယ်သမား သင်တန်းကျောင်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး ဝန်ကြီးနှင့်တက်ရောက်လာသော ဧည့်သည်တော်များက အမွှေးနံသာရည်များ ပက်ဖျန်း ပေးခဲ့ကြ သည်။

ထို့နောက်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး အမှတ်()နယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်းက တောင်သူလယ်သမား သင်တန်းကျောင်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အဆိုပါသင်တန်းကို တစ်လလျှင်()ကြိမ် ပေးသွားမှာဖြစ်ကြောင်းနှင့် သင်တန်း ကာလမှာ တစ်ပတ်ကြာမြင့်ပြီး သင်တန်းသား(၅၆)ဦးကို စိုက်ပျိုးရေး၊မွေးမြူးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မြေယာစီမံခန့်ခွဲရေး ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက်ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်ခရိုင်() မြို့နယ်ရှိတောင်သူလယ်သမားများအား အိမ်ခြံဝန်းအတွင်း စိုက်ပျိုးရန် Home Gardening Seedဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဧည့်သည်တော်များသည် တောင်သူ လယ်သမား သင်တန်းကျောင်းအား လှည့်လည်ကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းမင်းစိုး ပြန်/ဆက်