ပန်းတောင်း ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပန်းတောင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု (၇)အုပ်စု၊ ကျေးရွာ(၇)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း (VDP)စီမံ ကိန်းမိတ်ဆက ခြင်းနှင့် ကျေးရွာ ကော်မတီရွေးချယ်ခြင်းအား ယမန်နေ့ နံနက်ပိုင်းက ဘုရားပေါ်ကျေးရွာနှင့် တောင်ဘို့ကွင်း ကျေးရွာတို့ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မို့ထိုက်၊ ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးတို့မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်က စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားကာ စီမံကိန်းတာဝန်ခံ ဒေါ်မေသူစိုးက စီမံကိန်း ကော်မတီဝင်များ ရွေးချယ်ခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို မှာကြားခဲ့ ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)