စမ်းချောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရန် နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေး

စမ်းချောင်း ဒီဇင်ဘာ ၁၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က စမ်းချောင်းမြို့နယ် အတွင်းရှိ စမ်းချောင်း(တောင်)ရပ်ကွက်၊ စမ်းချောင်း(မြောက်)ရပ်ကွက်နှင့် လင်းလွန်း(မြောက်)ရပ်ကွက် များအတွင်းရှိ စျေးများနှင့် ရပ်ကွက်များအတွင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် နှာခေါင်းစည်း (mask)များ တပ်ဆင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

စျေးများအတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်လာသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာ ခြင်းရှိ /မရှိ စစ်ဆေးခြင်း၊ စျေးအတွင်းသို့ ဝင်ရောက်ရာတွင် mask တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေး ခြင်း၊ mask တပ်ဆင်ထားခြင်း မရှိသူများအား အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြ သည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များက နှာခေါင်းစည်း(mask)များ တပ်ဆင်ရေးအတွက် လိုက်လံစစ်ဆေးအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း (mask)များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်ချောစုဝင်း