သဲကုန်းမြို့နယ်တွင် Mask Campaign နှင့် အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်

သဲကုန်း  ဒီဇင်ဘာ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် သဲကုန်းမြို့နယ် ကြက်ခြေ နီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနခရိုင် ဦးစီးမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများ၊ သဲကုန်းမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးတင်ဦးနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက မြို့မစျေးအတွင်း စျေးရောင်းစျေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား Mask များ အမဲ့ဝေငှခြင်း၊ Mask အသစ်နှင့်အဟောင်း လဲလှယ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကား ရာလမ်းဆုံများတွင် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)