အလုံမြို့နယ်အ-ထ-က(၇) အသွားအလာကန့်ကတ်စောင့်ကြည့်စင်တာ (Quarantine Centre) သို့ ထမင်းဘူးများ လာ​ရောက်လှူဒါန်း

အလုံ ဒီဇင်ဘာ ၁၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယမန်နေ့က ထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် Brain Juice Creative Solutions Prime Learning Institute Vessels Distribution မှ ​​နေ့လယ်စာနှင့် ညစာအတွက် ထမင်းဘူး(၄၀)ဘူးစီကို လာ​ရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ  အ--က() အသွားအလာကန့်သတ်​စောင့်ကြည့်​နေရာသို့ စေတနာရှင်အလှူရှင်များ အနေဖြင့် စားသောက်ဖွယ်ရာများကို လှူဒါန်းနိုင်ပြီး တစ်ဦးအတွက် တစ်နေ့တာ စားစရိတ် ၃၅၀၀ ကျပ်ဖြင့် ငွေသားလှူဒါန်းနိုင်သလို၊ မိမိအစဉ်အစီဖြင့်လည်း ထမင်းဘူးများ၊ စားသောက်ဖွယ်များကို လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

တင်တင်ချို(အလုံ)