ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာရှိ ရန်ကင်းပျံကျဈေးတွင် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဈေးများ မီးလောင်မှု၊ မီးလန့်မှု ကင်းဝေးစေရန် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြငြှိမ်းသတ်ခြင်းနှင့် မီးသတ်ယာဉ်များဖြင့် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီက အုန်းချောကျေးရွာရှိ "ရန်ကင်း(ပျံကျ)ဈေး"၌ ဆောင်ရွက်ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ အုန်းချောဈေးတာဝန်ခံ၊ စေတနာမွန်လူမှုရေးအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။