နတ်မောက် ဇွန် ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ (Placement Test(အစီအစဥ်) စာမေးပွဲဖြေဆိုခြင်းအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများမှ အခြေခံပညာမူလတန်းအဆင့် (Grade-1မှGrade-5)နှင့် အလယ်တန်းအဆင့်(Grade-6မှGrade-8) ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်အရသတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် Placement Test(အထူးအစီအစဥ်)စာမေးပွဲဖြေဆိုနိုင်ရေး ယနေ့နံနက် ၉ နာရီက နတ်မောက်မြို့ အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလျက်ရှိသည်။
အဆိုပါ Placemetn Test (အထူးအစီအစဥ်) စာမေးပွဲကို နတ်မောက်မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးနှင့် ဆရာကြီး၊ဆရာမကြီးများကကြီးကြပ်၍ စာမေးပွဲစည်းမျဥ်းစည်းကမ်းများနှင့် အညီစနစ်တကျဖြေဆိုလျက်ရှိရာ နတ်မောက်မြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ Grade-1မှGrade-8 အထိဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၇၇)ဦးဖြေဆိုလျက်ရှိကြောင်း သိရသည်။
လှဝင်း