နတ်မောက် ဇွန် ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မစျေးကြီးတွင် ပြုလုပ်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့မစည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းသဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ နတ်မောက်မြို့မစျေးအတွင်း/အပြင်ရှိ စျေးရောင်းစျေးဝယ်ပြည်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုးကျိုးများဖြစ်စေသည့် ပလတ်စတစ်သုံးစွဲမှုမှလျှော့ချပြီး အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းနှင့် ကျန်းမာရေးဘေးထွက်ဆိုးကျိုးများဖြစ်စေကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ရှင်းလင်းပြောကြားပြီး စျေးဆိုင်ရှိစျေးရောင်းဆိုင်ရှင်များအား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များကို အခမဲ့ဝေငှပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း