ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားခွင့် ပြန်လည်ရရှိစေရန် Placement Test စစ်ဆေးခြင်းကို ယမန်နေ့မှ စတင်ခဲ့ရာ ယနေ့ဇွန်လ ၁၆ ရက်နေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို အ.ထ.က (ကြို့ပင်ကောက်) ကျောင်း၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။