နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီနှစ်ပတ်လည် အစည်းအဝေးအခမ်းအနား တက်ရောက်

နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေး အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ Mandalay Paradise တော်ဝင်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာဒေါ်မိုးမိုးသွယ်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်းနာယက ဦးသန်းစိုး၊ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်သည်။

ဗိုလ်တထောင်မြို့နယ်တွင် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံပြင်ဆင်ထားရှိမှုအား လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ဒီဇင်ဘာ ၁၉ ရက်နေ့က တာ၀န်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကလောမြို့နယ်၌ မိုးစပါးအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်မှု (ဒုတိယဆု)ရရှိသည့် ဘုရားပျိုအသင်းအား တာဝန်ရှိသူများက ဆုများချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘုရားပျိုကျေးရွာ၌ မြန်မာ့သမဝါယမစတင်ခြင်း(၁၂၁)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မိုးစပါးအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်မှု(ဒုတိယ)ဆုရရှိသည့် ဘုရားပျိုစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းအား ယမန်နေ့ ၁၀ နာရီက တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိ  ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆက်စပ်ပုံနှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုများကို သိရှိနာလည်စေရန်ရည်ရွယ်၍ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး"ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ယမန်နေ့နေ့လယ်ပိုင်းက လမုတန်းကြီးကျေးရွာအုပ်စု၊ လမုတန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ချုပ်) နှစ်(၃၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နည်းပညာဆိုင်ရာ ပြခန်းများဖွင့်လှစ်ပွဲနှင့် စာတမ်းဖတ်ပွဲကျင်းပ

ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ချုပ်) နှစ်(၃ဝ)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နည်းပညာဆိုင်ရာပြခန်းများဖွင့်လှစ်ပွဲနှင့်စာတမ်းဖတ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၌ ကျင်းပသည်။

လွိုင်ကော်မြို့တွင် ရွေးကောက်ပွဲကျင်းပမည့် မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်‌ကော်မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မဲရုံများတွင် မီးဘေးလုံခြုံရေးအတွက် ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျှက်ရှိသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်းတွင် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ် စုပေါင်း လမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များသည် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ ပေါင်းလောင်း အားကစားကွင်းမှ နှင်းဆီပန်းအဝိုင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ပေါင်းလောင်း အားကစား ကွင်းစုရပ်တွင် ကာယ​လေ့ကျင့်ခန်း အတွဲ (၁)၊ အတွဲ(၂)နှင့် Fitness Dance  လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ကြသည်။

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှ နဝမအကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် နဝမအကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ "ကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါစေတီတော်ရှိဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့၌ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ၂၀၂၅-ခုနှစ် စုပေါင်းခရစ္စမတ်ပွဲတော်သို့တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

‎ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားဆီဖူလုံရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  ဒီဇင်ဘာ(၁၉)ရက် နံနက် (၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Grade-12 ကျောင်း သား၊ ကျောင်းသူများ၊ ‌ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

သာယာဝတီမြို့နယ်အတွင်းရှိ မဲရုံတွင်တာဝန်ကြသည့် ပညာရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲစတင်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မဲရုံတွင်တာဝန်ကြမည့် ပညာရေးဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများက ကြိုတင်ဆန္ဒမဲ စတင်ပေးနှံသည်။
Subscribe to