တောင်တွင်းကြီး ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယနေ့ နံနက် (၉) အချိန်က မြို့နယ်လမ်းစုံ မီးပွိုင့်၌ မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းလိုက်နာကြစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ရေးရာတွင် တောင်တွင်းကြီးမြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ဒုအရာခံဗိုလ် စိုးပိုင်နှင့် ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက မောင်တော်ယာဉ်များတွင် ဖောင်းကြွနံပတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်ထားမှု ရှိ/မရှိများကို စစ်ဆေးခြင်း၊ အသက်ကယ်ထိုင်ခုံခါးပတ်များအား မော်တော်ယာဉ်မောင်းများ တပ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိများကို စစ်ဆေးခြင်း၊ မော်တော်ယာဉ်မောင်းများ ယာဉ်မောင်းလိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းနှင့် မော်တော်ယာဉ် လိုင်စင်များကို သက်တမ်းတိုးမြှင့်ထားမှု ရှိ/မရှိများအား စစ်ဆေးခဲ့ကာ တိုးမြှင့်ထားမှုမရှိပါက ဆက်လက်တိုးမြှင့်ကြရန် မေတ္တာရပ်ခံအသိပေး ပြောကြားခဲ့သည်။ ထို့အပြင် မော်တော်ယာဉ် များတွင် လိုက်ပါစီးနှင်းသူများ၏ အသက်အန္တရာယ်သည် ယာဉ်မောင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်သွားကြရန်အတွက် ယာဉ်မောင်းများကို အသိပညာပေး ပြောကြားခဲ့ပြီး ယာဥ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နောင်နောင် (ဗိဿနိုးမြေ)