ကျောက်တလုံးကြီး ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်းစွမ်းပြီး ပျော်ရွှင်ချမ်းမြေ့စွာပညာသင်ကြားနိုင်ရေး ကျောက်တလုံးကြီး အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲတွင် ကျောက်တလုံးကြီးတိုက်နယ်ဆေးရုံမှ ဆရာဝန် ဒေါက်တာဥမ္မာဦးက ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးအသိပညာဗဟုသုတပိုမိုရရှိစေရန် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိမှတ်ဖွယ်ရာများကို Power point slide များဖြင့် ရှင်းလင်းဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းကြရာ တိုက်နယ်ဆေးရုံဆရာဝန်မှ ပြန်လည်ဆွေးနွေးဖြေကြားခြင်းများ ဆောင်ရွက်ပေးသည်။
ဟောပြောပွဲသို့ အ.ထ.ကကျောက်တလုံးကြီးမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ကျောက်တလုံးကြီးတိုက်နယ်ဆေးရုံအနေဖြင့် ဒေသအတွင်းကုသရေးလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဇော်နိုင်လင်း