စေတုတ္တရာမြို့နယ်တွင် ၂၀၂၆ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာ့အမျိုးသမီးများနေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများအတွက်ဥပဒေအကြောင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

စေတုတ္တရာ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ခုနှစ် ဇူလိုင်လ၃ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများအတွက်ဥပဒေအကြောင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၈နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှိုင်စုခိုင်က မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသမီးများအကြမ်းဖက်ခံရမှုအမျိုးအစားများပြောကြားခြင်း၊ မြို့နယ်ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးကျော်ပိုင်ထွန်းက ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဥပမာများပြောကြာခြင်း၊ မြို့နယ်ဒု-ရဲမှူး ဒေါ်ဝေဖြိုးခိုင်က အမျိုးသမီးများဘဝလုံခြုံရေး၊    ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက်   လိုအပ်သောဥပဒေ၊  နည်းဥပဒေများအကြောင်းပြောကြား၍ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်အေးမြသန္တာက အမျိုးသမီးများလှုမှုစီးပွားရေးဘဝမြှင့်တက်စေရေးတို့ကို ပညာပေးဟောပြောသည်။

ထို့နောက် အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ဒု-ရဲမှူး၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်းလူဦးရေ(၅၀)ဦးတက်ရောက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသော နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)