ပင်လုံမြို့ကျေးရွာများ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၄၇၅)စုအား ငွေပင် လုံကုမ္ပဏီ(ဦးစိုးမြင့်)မိသားစုမှ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလ အတွင်း ပင်လုံမြို့ ပန်မုန့်ကျေးရွာအုပ်စု၊ ဟဲနန်းကျေးရွာအုပ်စု၊ ဆဟောင်းကျေးရွာအုပ်စုနှင့် ပင်လုံအရှေ့ကျေးရွာအုပ်စုရှိ စားဝတ်နေရေးခက်ခဲ၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စု(၄၇၅)စုအတွက် အိမ်ထောင် စုတစ်စုလျှင် ဆန်(၄)ပြည်၊ ဆီ(၉၀)ကျပ်သား၊ ကုလားပဲ(၁)ပိဿာ၊ ဝက်သားဗူး(၁)ဗူး၊ဆပ်ပြာမုန့်(၁)ထုပ် နှင့် ဆေးဝါးကဒ်(၂)ကဒ်စီတို့အား ပင်လုံမြို့ ငွေပင်လုံ ကုမ္ပဏီမိသားစုတို့မှ ယမန်နေ့က သွားရောက်၍ထောက်ပံ့ လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။