ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်နှင့် အသံချဲ့စက်များဖြင့် မြို့တွင်း လှည့်လည် အသိပေးနှိုးဆော်တိုက်တွန်းခြင်းများ အသိပညာပေးဆောင်ရွက်
မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် နေအိမ်ပြင်ပ ထွက်သွားလာခွင့်ရှိသူများအား မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး ကချင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ ဇူလိုင်လ၂၆ရက်နေ့က မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။