ဝေါမြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား ကုသပေးနိုင်ရန်အတွက် အောက်စီဂျင်အိုးများ လာရောက်လှူဒါန်း

ဝေါ   ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ကြလဟာကျေးရွာအုပ်စု၊ ဦးမိုးစုကျေးရွာရှိ လောက ဓာတုကျောင်းတိုက် ဆရာတော်ဥူးတေဇနန္ဒ ဦးဆောင်သော ရန်ကုန်မြို့မှ အလှူရှင်များက ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား ကုသပေးနိုင်ရန်အတွက် Oxygen Concentrator 5L(၁၅)လုံးကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံသို့ လှူဒါန်းခြင်း ကို ယမန်နေ့ ညနေပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသည်။

ထိုသို့ လှူဒါန်းရာတွင် လောကဓာတုကျောင်းတိုက် ဆရာတော်ဥူးတေဇနန္ဒက Oxygen Concentrator 5L(၁၅)လုံးကို လှူဒါန်းပေးရာ ဝေါမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများက လွှဲပြောင်းလက်ခံပေးသည်။

ဝေါမြို့နယ်တွင် ဇူလိုင်(၂၆)ရက်နေ့အထိ  ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ ပေါင်း (၉၇၁)ဦးနှင့် သေဆုံးလူနာ(၃၂)ဦးရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။

စိုးမိုး(ပြန်/ဆက်)