ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် အောက်ဆီဂျင်အိုး (၁၁၀၅)လုံး နှင့် အခြားကျန်းမာရေးအထောက်အကူပစ္စည်းများ ထပ်မံဝင်ရောက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယနေ့နံနက်(၁၁) နာရီအချိန်က တစ်လုံးလျှင်အောက်ဆီဂျင် (၄၀)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ် (၇၀၀)လုံးနှင့် တစ်လုံးလျှင် အောက်ဆီဂျင် (၃၀)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ် (၁၉၂)လုံး၊ (၃၈)လီတာဆံ့ အောက်ဆီဂျင်အိုးအလွတ် (၂၁၃)လုံး၊ (Medical Regulator) (၁)ဖာလျှင်(၂၀)ခုပါ(၂၆)ဖာ၊ နှာခေါင်းစည်း (Mask) (၉၀၀၆)ဖာ၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၃၁၃)လုံး PPEဝတ်စုံ (၇၇၄)ဖာ၊ Oximeter (၁)ဖာလျှင် (၁၀၀)ခုပါ (၁)ဖာ၊ ဆေးဖာ(၁၁၀)ဖာတို့အား တင်ဆောင်လာသည့် မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။