ပုဏ္ဏားကျွန်းမြို့၌ ကျပ်သိန်းပေါင်း (၁၅၀၀)ခန့်ကုန်ကျမည့် ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်လိုအပ်သည့် အရေးပေါ်လူနာများအတွက် အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး၊ အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီများ ဖွဲ့စည်း၍ ကျပ်သိန်းပေါင်း (၁၅၀၀) ခန့်ကုန်ကျမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။