ရေဖြူမြို့နယ်တွင် ဇွန်လ နောက်ဆုံးအပတ်ကကာကွယ်ဆေး ထိုးနှံထားသည့်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရေဖြူ ဇူလိုင် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မြို့နယ်အတွင်းရှိ ဇွန်လ နောက်ဆုံးအပတ် အတွင်း ကာကွယ်ဆေး ထိုးနှံထားသောသူများအား ယနေ့နံနက် ၈ နာရီတွင်ရေဖြူမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ‌ကျော်မိုးမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံခြင်းပြုပြီး သော ဝန်ထမ်းများနှင့် ပြည်သူတို့အား ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ သည်။

ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ကိုယခု ဇူလိုင်(၂၇) (၂၈)ရက်နှင့် ဩဂုတ် (၂) (၆)ရက်နေ့များတွင် ထိုးနှံပေးမည်ဖြစ်ပြီး အဆိုပါရက်များတွင် ကိုဗစ်_၁၉ရောဂါ စစ်ဆေးသည့် လုပ်ငန်းများ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

ဖြူဖြူရှိန်