မိုင်းပန် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်မှစ၍ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
ပင်စင်လစာထုတ်ပေးခြင်းကို ယမန်နေ့မှ (၂၉) ရက်နေ့အထိ နေ့စဉ် နံနက် (၈) နာရီမှ မွန်းလွဲ (၃) နာရီအချိန်အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မိုင်းပန်မြို့နယ်တွင် အငြိမ်းစား ဝန်ထမ်း ၃ဝဝ ဦးခန့်ရှိကြောင်းနှင့် လစဉ်လာရောက်ထုတ်ယူသူ အငြိမ်းစား ဝန်ထမ်း ၁၅ဝ ဦးခန့်ရှိကာ ကျန်ရှိသော အငြိမ်းစားဝန်ထမ်းများမှာ ၂လ တစ်ကြိမ် သို့မဟုတ် ၃လ တစ်ကြိမ် ပေါင်း၍ ထုတ်လေ့ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မိုင်းပန် (ပြန်/ဆက်)