ပုလော ဇူလိုင်လ ၂၇
ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ယနေ့ နံနက် ၉ နာရီခွဲ က ပုလောမြို့နယ် ခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ပုလောမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံထားပြီးသော လူ(၁၁၆) ဦးကို ဒုတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
အေးအေးမော် (ပြန်/ဆက်)