ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းမှ စေတနာလုပ်အားရှင်များမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

ဒဂုံမြောက် ဇူလိုင်  ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် မြို့နယ်အတွင်း အရေးပေါ်လူနာများအားဆေးရုံများသြို အချိန်မီပို့ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ ကူးစက်လူနာများအား Quarantine Center များသို့ ပို့ဆောင်ပေးခြင်းတို့ကို ကူညီဆောင်ရွက် ပေးလျက်ရှိရာ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့က အရေးပေါ် လူနာများနှင့် ကိုဗစ်-၁၉ Positive လူနာများအား သတ်မှတ်နေရာများသို့ ကူညီပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့က ဒဂုံတက္ကသိုလ်ဥက္ကလာ‌ဆောင်မှ မြောက်ဒဂုံမြို့နယ်ဆေးရုံသို့  Swab ယူရန်အမျိုးသားတစ်ဦး၊ မြောက်ဒဂုံမြို့နယ်ဆေးရုံမှ သုဝဏ္ဏ Covid Centre သို့ Positive လူနာတစ်ဦး၊ (၃၅) ရပ်ကွက်မှ ရန်ကုန်ဆေးရုံကြီးသို့ အောက်ဆီဂျင်ကျလူနာတစ်ဦးတို့အား မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူးဦးသန်းအောင်မိုး နှင့် တပ်ဖွဲ့ဝင်စေတနာလုပ်အားရှင် (၄)ဦးက သူနာတင်ယာဉ် နှစ်စီးဖြင့် ကူညီပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

မြင့်မြင့်ရီ