ပင်လုံမြို့ကျေးရွာများ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၄၇၅)စုအား ငွေပင် လုံကုမ္ပဏီ(ဦးစိုးမြင့်)မိသားစုမှ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

ပင်လုံ  ဇူလိုင် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလ အတွင်း  ပင်လုံမြို့ ပန်မုန့်ကျေးရွာအုပ်စု၊ ဟဲနန်းကျေးရွာအုပ်စု၊ ဆဟောင်းကျေးရွာအုပ်စုနှင့် ပင်လုံအရှေ့ကျေးရွာအုပ်စုရှိ စားဝတ်နေရေးခက်ခဲ၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စု(၄၇၅)စုအတွက် အိမ်ထောင် စုတစ်စုလျှင် ဆန်(၄)ပြည်၊ ဆီ(၉၀)ကျပ်သား၊ ကုလားပဲ(၁)ပိဿာ၊ ဝက်သားဗူး(၁)ဗူး၊ဆပ်ပြာမုန့်(၁)ထုပ် နှင့် ဆေးဝါးကဒ်(၂)ကဒ်စီတို့အား ပင်လုံမြို့ ငွေပင်လုံ ကုမ္ပဏီမိသားစုတို့မှ ယမန်နေ့က သွားရောက်၍ထောက်ပံ့ လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပင်လုံမြို့ ပန်မုန့်ကျေးရွာအုပ်စုအတွက် အိမ်ခြေ(၁၂၀)အိမ်၊  ဟဲနန်းကျေးရွာအုပ်စုအတွက် အိမ်ခြေ(၁၀၀)အိမ်၊ ဆဟောင်းကျေးရွာအုပ်စုအတွက် အိမ်ခြေ(၁၅၅)အိမ်၊ ပင်လုံအရှေ့ ကျေးရွာ အုပ်စုအတွက်အိမ်ခြေ(၁၀၀)အိမ် စုစုပေါင်း အိမ်ထောင်စု(၄၇၅)စု၏ လက်ဝယ်သို့ အရောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်းနှင့် ပင်လုံမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီ ဒု-ဥက္ကဋ္ဌဉီးလောယုံနှင့် အဖွဲ့တို့ကလည်း ပူးပေါင်းပါဝင်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။