လယ်ဝေးမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဇူလိုင် ၂၆မှစ၍ ပုံမှန်အတိုင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အခမဲ့ ဆက်လက်ထိုးနှံပေး

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင်အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ရှိသူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ဇူလိုင်၂၅ရက်က စတင်ထိုးနှံပေး ခဲ့ပြီး ယနေ့နံနက်၉နာရီကလည်းမြို့နယ်အတွင်းရှိဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ပင်လုံမြို့ကျေးရွာများ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၄၇၅)စုအား ငွေပင် လုံကုမ္ပဏီ(ဦးစိုးမြင့်)မိသားစုမှ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလ အတွင်း  ပင်လုံမြို့ ပန်မုန့်ကျေးရွာအုပ်စု၊ ဟဲနန်းကျေးရွာအုပ်စု၊ ဆဟောင်းကျေးရွာအုပ်စုနှင့် ပင်လုံအရှေ့ကျေးရွာအုပ်စုရှိ စားဝတ်နေရေးခက်ခဲ၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စု(၄၇၅)စုအတွက် အိမ်ထောင် စုတစ်စုလျှင် ဆန်(၄)ပြည်၊ ဆီ(၉၀)ကျပ်သား၊ ကုလားပဲ(၁)ပိဿာ၊ ဝက်သားဗူး(၁)ဗူး၊ဆပ်ပြာမုန့်(၁)ထုပ် နှင့် ဆေးဝါးကဒ်(၂)ကဒ်စီတို့အား ပင်လုံမြို့ ငွေပင်လုံ ကုမ္ပဏီမိသားစုတို့မှ ယမန်နေ့က သွားရောက်၍ထောက်ပံ့ လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်မှစ၍ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ၊မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့နည်းလာ စေရေး၊ ပိုမိုကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် Positive Centre များ ထပ်မံဖွင့်လှစ်ထားရှိနိုင်မည့် နေရာများ အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဝေါမြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား ကုသပေးနိုင်ရန်အတွက် အောက်စီဂျင်အိုးများ လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ကြလဟာကျေးရွာအုပ်စု၊ ဦးမိုးစုကျေးရွာရှိ လောက ဓာတုကျောင်းတိုက် ဆရာတော်ဥူးတေဇနန္ဒ ဦးဆောင်သော ရန်ကုန်မြို့မှ အလှူရှင်များက ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား ကုသပေးနိုင်ရန်အတွက် Oxygen Concentrator 5L(၁၅)လုံးကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံသို့ လှူဒါန်းခြင်း ကို ယမန်နေ့ ညနေပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသည်။

ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးကို   ယမန်နေ့ နံနက် ( ၁၀) နာရီက အမှတ် (၄) တပ်မတော်ဆေးရုံ ကုတင် (၃၀၀) ၏ ကူညီမှုဖြင့် ပြန်လည်ဖွင့်လှစ်  ဖြစ်ကြောင်း သိရသည်။

မကွေးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ သည် မကွေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် ဇွန်လ နောက်ဆုံးအပတ်ကကာကွယ်ဆေး ထိုးနှံထားသည့်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မြို့နယ်အတွင်းရှိ ဇွန်လ နောက်ဆုံးအပတ် အတွင်း ကာကွယ်ဆေး ထိုးနှံထားသောသူများအား ယနေ့နံနက် ၈ နာရီတွင်ရေဖြူမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to