လယ်ဝေးမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

လယ်ဝေး ဇူလိုင်        ၂၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဇူလိုင် ၂၆မှစ၍ ပုံမှန်အတိုင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်စင်လစာများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် အငြိမ်းစားဝန်ထမ်းများ အဆင်ပြေ စွာ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။ အငြိမ်းစားဝန်ထမ်းများအား ပုံမှန်ရက်များအတိုင်း နံနက်(၈)နာရီမှ မွန်းလွဲ(၂)နာရီအထိ ထုတ်ပေးလျှက်ရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူရန်အခက်အခဲရှိသူများက ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ပေးလျှက်ရှိကြောင်း လယ်ဝေးမြို့မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။