မေး ။ ယင်းမာပင်မြို့နယ်မှာ ဒီကနေ့အထိ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သတ်ပြီး လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေကို သိချင်ပါတယ် ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ကိုဗစ်-၁၉ ရောဂါလို့သတ်မှတ်ရင် (၂)မျိုးရှိပါတယ် ။ ကြိုတင်ကာကွယ်ခြင်း ကာကွယ်ခြင်းနှင့် ကုသခြင်း ၊ တကိုယ်ရေကာကွယ်ခြင်းကတော့ တစ်ဉီးနှင့်တစ်ဦး (၆)ပေခွာ နေထိုင်ရန် ၊ နှာခေါင်းစည်း (Mask) တို့ တပ်ဆင်ရမည် ၊လက်ကို ဆပ်ပြာနှင့် ဆေးကြောရမယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း ဆောင်ရွက်ရမယ် အစရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များ ကိုလည်း ဖြန့်ဝေပေးပါတယ် ၊ အများနှင့်သက်ဆိုင်သော ကာကွယ်ခြင်း ၊ဆေးဖျန်းခြင်းလုပ်ငန်း ကိုလည်း ဆောင်ရွက်ပေးနေပါတယ် ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့်လည်း လိုက်လံ နှိုးဆော် ဆောင်ရွက်နေပါတယ် ၊ ပြည်ပပြန်လာသူများနှင့် Stay Home မြို့နယ်များမှ ပြန်လာသူများကို လည်း သီးခြားနေထိုင်ရန် စင်တာများကိုလည်း ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အထူး ကာကွယ်ခြင်းကို ကာကွယ်ဆေးထိုးခြင်းကို ဖေဖော်ဝါရီလနှင့်မတ်လတို့ မှစ၍ ယနေ့ အချိန်အထိ ကာကွယ်ဆေးထိုးရန်အတွက် ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်ပေးပါတယ် ။ ပိုးတွေ့လူနာ များကိုလည်း သီးခြားထားပြီးကုသပေးလျက် ရှိပါတယ် ။