မြိတ်ပြည်သူ့ဆေးရုံတွင် တပ်ဆင်မည့် Oxygen Plant စက် ဩဂုတ်လတွင် မြိတ်မြို့သို့ ရောက်ရှိ တပ်ဆင်မည်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ဝေဒနာရှင်များ အသုံးပြုရန် အတွက် Oxygen Plant စက်ကို မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု ကော်မတီမှ တရုတ်နိုင်ငံသို့ မှာယူထားရှိပြီး ဩဂုတ်လအတွင်း မြိတ်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကာ ပြည်သူ့ဆေးရုံတွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။