အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အခမဲ့ ဆက်လက်ထိုးနှံပေး

အောင်မြေသာစံ ဇူလိုင် ၂၇

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင်အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ရှိသူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ဇူလိုင်၂၅ရက်က စတင်ထိုးနှံပေး ခဲ့ပြီး ယနေ့နံနက်၉နာရီကလည်းမြို့နယ်အတွင်းရှိဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ဆေးထိုးစုရပ်များဖြစ်သော ဒေါနဘွားရပ်ကွက်၌ မုန်တိုင်ဓမ္မာရုံ၊ အမရဌာနီအရှေ့ရပ်ကွက်၌ ဒေါ်ဖီဓမ္မာရုံ၊ ပြည်ကြီးရန်လုံရပ်ကွက်၌ ကိုးခန်းဓမ္မာရုံ၊ ပြည်ကြီး ကျက်သရေအနောက်ရပ်ကွက်၊ ရွှေကျီးမြင်ဘုရား၌ ရွှေကျီးနားဓမ္မာရုံတို့တွင် အသက်(၆၅) နှစ်အထက်ရှိသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် အခမဲ့ ထိုးနှံ ပေးခြင်းဖြစ်သည်။

အဆိုပါကာကွယ်ဆေးထိုးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ကာကွယ်ဆေးထိုးနှံပေးကြပြီး အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် ဦးဆောင်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)