မော်လမြိုင်မြို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့၍ နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် ရပ်ကွက်အချို့ရှိ ပြည်သူများအား ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိပေး
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့ပေါ်ရပ်ကွက် အချို့နေအိမ်များအား ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ရာ ရေဘေးသင့်အိမ်ထောင်စုများအတွက် နေထိုင်စားသောက်ရေးအဆင်ပြေစေရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့၏လမ်းညွှန်မှုများဖြင့် နေရာ(၈)ခုတို့၌ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထား ပြီးဖြစ်ကြောင်းသိရသည်။