တာလေမြို့တွင် အစေ့ချကိရိယာ (Drum Seeder) ဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းအား တောင်သူဖိတ်ခေါ်ကွင်းလက်တွေ့သရုပ်ပြသ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ပျိုးထောင်ရန်မလိုအပ်ပဲ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် တိုက်ရိုက်မျိုးစေ့ချခြင်း တောင်သူဖိတ်ခေါ်ကွင်း လက်တွေ့သရုပ်ပြသခြင်းအား ယမန်နေ့က နားယောင်းကျေးရွာအုပ်စု အတွင်းရှိ တောင်သူ ဒေါ်နာခူ၏ လယ်မြေ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။