ရွှေကျင် ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် အဖိုးအဖွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခြင်းကို ယနေ့ နံနက်၁၀ နာရီအချိန်မှစ၍ (၄)နေရာခွဲကာ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စစ်ဗျူဟာ(အခြေချ)(ရွှေကျင်) အမှတ်(၈) တပ်မတော်ဆေးရုံ ကုတင်(၂၅) ဆန့်ဆေးရုံမှ ပါရဂူ သူနာပြုအရာရှိများ၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများက ရွှေကျင်မြို့နယ်အတွင်းရှိအသက်၆၅နှစ်အထက် အဖိုး အဖွားများအား (၁)၊ မြို့တော်ခန်းမ (၂)၊ မြို့နယ်အားကစားခန်းမ (၃)၊ အနောက်ဘက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး(၄)၊ တောင်ဘက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကို ထိုးနှံပေးလျှက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)(ရွှေကျင်) စစ်ဗျူဟာမှူးဗိုလ်မှူးကြီးေကျာ်ဖုန်းအောင် တို့မှ ဆေးထိုးနှံ နေမှုများကို ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက် ပေးလျှက်ရှိသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)