ရေးမြို့နယ်တွင် သံဃာတော်များ၊ သီလရှင်များနှင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးမှုကို မြို့နယ်အတွင်း ကျောင်းတိုက်များမှ သံဃာတော်များနှင့် သီလရှင်များ၊ ဒေသခံပြည်သူများအား ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်(၅)နေရာတွင် တစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် အိမ်သုံးဆေးဝါးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် ဝယ်ရင်းစျေးနှုန်းများအတိုင်း ဖြန့်ဖြူးရောင်းချပေး

ယခုကာလတွင် ဖြစ်ပေါ်နေသော အခြေအနေများအရ ဆေးဆိုင်များပိတ်ထားခြင်း အိမ်သုံးဆေးဝါးများ ဝယ်ယူ၍မရခြင်း ဈေးနှုန်းများ အဆမတန် ကြီးမြင့်ခြင်းများကြောင့် ပြည်သူများဆေးဝါးများဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေမှုများကို အထိုက်အလျောက် ဖြေရှင်းပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆေးဝါးကုမ္ပဏီများနှင့်ချိတ်ဆက်ကာ အိမ်သုံးဆေးဝါးများ ဝယ်ယူပြီး ဝယ်ရင်းစျေးနှုန်းအတိုင်း ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများထံသို့ ယမန်နေ့က စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၌ ရေပြန်လည်ကျဆင်းပြီဖြစ်သောကြောင့် ထရန်စဖော်မာ (၁၃)လုံးအား ဓာတ်အားပြန်လွှတ်ပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းတွင် ဇူလိုင် ၂၆ ရက်နေ့ နံနက် ၁၀ နာရီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့ကရိတ်မြို့ ရပ်ကွက် / ကျေးရွာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ လျှပ်စစ်အန္တရာယ်ရှိနိုင်သော ထရန်စဖော်မာ (၁၇)လုံးအား မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ခဲ့ပြီး ယမန်နေ့က ရေပြန်လည်ကျဆင်းသွားသောကြောင့် အဆိုပါ ထရန်စဖော်မာ (၁၇)လုံးအနက် ထရန်စဖော်မာ (၁၃)လုံးအား ဓာတ်အားပြန်လည်ထုတ်လွှတ် ပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများအတွက် ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့်ထမင်းဘူးများ ထောက်ပံ့လှူဒါန်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့်ထမင်းဘူးများကို ယမန်နေ့က ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများရောက်ရှိ

တရုတ်နိုင်ငံထုတ်ကော့သောင်းမြို့နယ်အတွင်းပြည်သူများအားထိုးနှံပေးမည့်ကိုဗစ် Sinopharm ဆေးတနင်္သာရီတိုင်းဒေသကြီး ၊ ၁၉ ရောဂါကာကွယ်ဆေး (၂၁၅၀)လုံး ဇူလိုင်လ ၂၉ရက်နေ့ညနေပိုင်းက ဘုတ်ပြင်းမြို့နယ်မှတဆင့် ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး PPE ဝတ်စုံများလှူဒါန်း

ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေးနှင့်အရေးပေါ်လုပ်ငန်းများတွင်တက်ကြွစွာ ဘော်လံတီယာလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိမြို့ဖစေတနာရှင် မိသားစုက ယမန်နေ့မွန်းလွဲပိုင်းက PPE level 2 ဝတ်စုံ များ ပေးအပ် လှူဒန်းခဲ့ကြောင်းသိရသည်။

ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ MASK ကမ်းပိန်းပြုလုပ်

ပြည်တွင်းကူးစက်မှုမြှင့်တက်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး ကော့သောင်းမြို့တွင် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများ အလေးထား ဆောင်ရွက်နေကြသကဲ့သို့ ကော့သောင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ရောဂါထိန်းချုပ်မှု လုပ်ငန်းများတွင် တဖက်တစ်လမ်းက ဝိုင်းဝန်းပူးပေါင်းပါဝင်မှုအဖြစ် ယနေ့နံနက်ပိုင်းက မြို့နေပြည်သူများအား ပါးစပ်နှာခေါင်းစည်းလိုက်လံဝေငှသည့် ကမ်းပိန်းလှုပ်ရှားမှုလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinophram) အား စတင်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက်၊ မြသိန်းတန်ဘုရားဝန်းအတွင်း၌ ယနေ့နံနက်၉း၀၀နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)အား စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

မင်းလှမြို့ ကိုဗစ်-၁၉လူနာများအား နှစ်သိမ့်အားပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ ရွာတော်ကျေးရွာအုပ်စုတွင်းရှိ ဝါကြိတ်စက်ရုံတွင် ဖွင့်လှစ်ထားသည့် ကိုဗစ် Centre ရှိ Positive လူနာများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးစောင့် ရှောက်မှုပေးလျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီကမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မင်းလှမြို့နယ်ပြည်သူ့ ကျန်းမားရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာအောင်ရဲပိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး တို့က သွားရောက် နှစ်သိမ့်အားပေး ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အောက်ဆီဂျင် စက်ရုံတည်ဆောက်ရန် အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် မြေနေရာနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ယမန်နေ့မနက် ၉ နာရီခွဲအချိန်က အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to