ဝမ်းတွင်း ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူဦးရေစာရင်း ကောက်ယူရေးအတွက်အစု အဖွဲ့(၁၃)ဖွဲ့ဖြင့်ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စာရင်းများကောက်ယူရာတွင် အသက်(၆၅)နှစ်နှင့် အထက်စာရင်း၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများစာရင်း၊ Volunteer/ပရဟတိတများစာရင်း၊ ဘိုးဘွားရိပ်သာများစာရင်း၊ ဘာသာရေး ကျောင်းများစာရင်း၊ နိုင်ငံဝန်ထမ်းများအတွက် စာရင်း၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများစာရင်း၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်းများစာရင်း၊ ဟိုတည်၊ မိုတည်၊ တည်းခိုခန်းဝန်ထမ်းများစာရင်း၊ အကျဉ်းသားများစာရင်း၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများအတွက်စာရင်း၊ ဈေး/ Super Market များအတွက်စာရင်း၊ စားသောက်ဆိုင်များအတွက်စာရင်း စသည့် လူဦးရေစာရင်းများကို အဖွဲ့(၁၃)ဖွဲ့ ဖွဲ့စည်း ၍စာရင်းများကောက် ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရေးအဖွဲ့(၁၃)ဖွဲ့စည်း၍ စာရင်းများ ကောက်ယူခြင်းကို ဇူလိုင်လ(၂၉)ရက်နေ့တွင် စတင်ကောက်ယူမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်း စုရပ်များအဖြစ် မြို့နယ် စည်ပင်ခန်းမ၊ ညောင်အုပ်ဖီးတိုက်နယ်ဆေးရုံ၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ နေပူကုန်းတိုက်နယ်ဆေးရုံ၊ ဘုရားစုကျန်းမာရေးဌာနတို့တွင် ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဌေးလှိုင် (ဝမ်းတွင်း)