လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့ရသူများအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာ ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေပေးအပ်

သထုံ      ဇူလိုင်       ၃၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တံတားဦးကျေးရွာအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီး ဆုံးရှုံးခဲ့ရသူများအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာများ ဝယ်ယူနိုင်ရန် ထောက်ပံ့ငွေများကို ဇူလိုင်လ ၂၉ ရက်၊ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ သွားရောက်ထောက်ပံ့ခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သထုံမြို့နယ်၊ တံတားဦးကျေးရွာအုပ်စုတွင် ဇူလိုင်လ ၂၇ ရက်နေ့က လူနေအိမ် ၂ လုံး ပြိုကျပျက်စီးပြီး ၂ လုံးမှာ ပြိုကျလုနီးပါးနှင့် ၅ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရာ အဆိုပါနေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း ၅၀၄၀၇၂ ကျပ်၊ လူဦးရေ စုစုပေါင်း ၃၇ ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ၇၇၇၀၀ ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)