သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများအနက် ရောဂါပျောက်ကင်း သူ(၂၆) ဦး ဆေးရုံမှဆင်းခွင့်ပြု

သဲကုန်း ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို အထက(ဆင်မြီးဆွဲ)တွင် တိုက်နယ် ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ကျန်းမာရေး ကောင်းမွန်သူ(၂၆)ဦး ဆေးရုံမှဆင်းခွင့်ပြုကြောင်း သိရသည်။

အဆိုပါကျန်းမာရေးကောင်းမွန်သူ (၃၁)ဦးအား ဆင်မြီးဆွဲမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်၊ တိုက်နယ်ဆေးရုံ ဆရာဝန်ဒေါက်တာသူရလွင် နှင့်တာဝန်ရှိသူများက ကျန်းမာရေး ထောက်ခံချက် ဆေးလက်မှတ်များကို ပေးအပ်ကာ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက်ကြာ နေထိုင်ကြရန်နှင့် ကျန်းမားရေးအသိပညာပေး အမှာစကားများ ပြောကြားခဲ့ ကြောင်း သိရသည်။

ဆင်မြီးဆွဲမြို့တွင် ဇွန်လ ၂၉ ရက်နေ့မှစ၍ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၂၆)ဦးနှင့်ကုသဆဲ(၁၅၁)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

နိုင်လင်း