မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်-အောင်လံအဝေးပြေးကားလမ်းမကြီးပေါ်တွင် ယင်းမာပင် လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားသဖြင့် ဖယ်ရှားရှင်းလင်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထောက်ကြံ့တိုင်းကျေးရွာအနီး ပြည်-အောင်လံအဝေးပြေးကားလမ်းမကြီးပေါ်တွင် လုံးပတ်(၁၂)ပေ၊ အရှည်(၆၀)ပေခန့်ရှိ ယင်းမာပင်ကြီးလဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်းကို ပရဟိတ လူနာတင်ယာဉ်တစ်စီးမှ ယာဉ်မောင်း၏ သတင်းပေးချက်အရ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဇော် ဦးစီး၍ သန္ဓေ တပ်ဖွဲ့ဝင်(၈)ဦးတို့သည် (3J/ 3772) နီဆန်း အုပ်ချုပ်မှုယာဉ်ဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၈)နာရီခွဲအချိန်တွင် ရှင်းလင်းပြီးစီး၍မော်တော်ယာဉ်များ ပုံမှန်သွားလာဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်းစန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လက်ခံရယူ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ပေးပို့လှူဒါန်း ခဲ့သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ လွှဲပြောင်း လက်ခံရယူခဲ့ကြသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် အောက်ဆီဂျင်အိုး(၁၁၀၀)လုံးနှင့်အခြားကျန်းမာရေးအထောက်အကူပြုပစ္စည်းများထပ်မံဝင်ရောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူပစ္စည်းများဝင်ရောက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က တစ်လုံးလျှင်အောက်ဆီဂျင်(၅၀)လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၃၅၀)လုံးနှင့်တစ်လုံးလျှင်အောက်ဆီဂျင်(၄၀) လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၇၅၀)လုံး၊ နှာခေါင်းစည်း(Mask)(၂၀၃၉၂)ဖာ၊ (Oxygen Plant) စက်ကြီး(၂)လုံး၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၅၀၀လုံး)၊ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါရှာဖွေရေးကိရိယာ(၁၀)ဖာ၊ အောက်ဆီဂျင်အိုး နပ်(စ်)(၁)အိတ်၊ ဖိနပ်အစွပ်(၆၈)ဖာတို့အား တင်ဆောင်လာသည့်မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်ရှိရေဘေးသင့်ပြည်သူများသို့ စားနပ်ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

သံတွဲမြို့နယ်၌ ဇူလိုင်လ (၂၆) ရက်နေ့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ စားနပ်ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ခြင်းကို ဇူလိုင်လ(၂၉) ရက်နေ့နံနက်(၁၁)နာရီအချိန် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တပ်မတော် ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့သို့ရောက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဇူလိုင်လ(၂၉)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က လားရှိုးမြို့သို့ရောက်ရှိလာရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဝင်များ၊ ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများကလက်ခံရယူခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဆေးသိုလှောင်ရုံ သို့ပို့ဆောင်ပေးခဲ့သည်။

ရခိုင်ပြည်နယ် ၊ မောင်တောမြို၌ ခရိုင်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး လှိုင်ကိုဗစ် - ၁၉ ကုသရေးစင်တာရှိရောဂါ ရှာဖွေရေးဌာန (Test Center) အသစ် ထပ်မံဖွင့်လှစ်မည့်နေရာကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးလှစိုးနှင့်တာဝန်ရှိသူများသည်လှိုင် ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူလူထု အခြေပြု လှိုင် ကိုဗစ် - ၁၉ ရောဂါရှာဖွေရေးဌာန (Test Center)အသစ်ထပ်မံဖွင့်လှစ်မည့်နေရာနှင့်ကုသရေးစင်တာသို့ယနေ့ နံနက်ပိုင်း က သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဂျိုင်းမြစ်ရေလျှံနေသော်လည်း (ကျုံဒိုး) Pontoon ဗောတံတားအား ကုန်သွယ်ရေးကားကြီးများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ

ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော ဘားအံ - ကော့ကရိတ် - မြဝတီ ကားလမ်းပေါ်ရှိ ဂျိုင်း (ကျုံဒိုး) ton (60) Pontoon ဗောတံတားမှာ ဂျိုင်းမြစ်ရေမြင့်တက်လာမှုကြောင့် နှစ်စဥ် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ကြုံတွေ့နေရသည့်အတွက် ယခုနှစ်တွင် မြစ်ရေကြီးမှု ဖြစ်ပေါ်လာပါက ကုန်သွယ်ရေးကားများ ဖြတ်သန်းသွားလာနိုင်ရန်အတွက် အထူးမြှင့်တင် တည်ဆောက်ထားပြီဖြစ်ကြောင်း Kayin State Transportation & Services Entrepreneurs co. ltd လူမှုကွန်ယက်စာမျက်နှာမှ သိရသည်။

ဗိုလ်တထောင်မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှဦးဆောင်၍ အောက်ဆီဂျင်များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ မိဘ ပြည်သူများ အနေဖြင့် လိုအပ်လျက်ရှိသည့်အောက်ဆီဂျင်များ အခက်အခဲမရှိ ရရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အောက်ဆီဂျင်များကို ယမန်နေ့နံနက် ( ၁၁ ) နာရီအချိန်က စတင်၍ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြဝတီမြို့ရှိ ရေဘေးသင့် အိမ်ထောင်စု ၄၈၈ စု အတွက် ငွေကျပ် သိန်း ၅၀ ကျော် ဆက်လက်ထောက်ပံ့

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင်   သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး  အနိမ့်ပိုင်းနေရာများ ရေကြီးမှု ဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့် အိမ်ထောင်စု ၄၈၈ စုအတွက် ငွေကျပ် (၅၀၈၂၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to