မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)နှင့် IPPF Spring တို့ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများမှ မိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ရဲဝန်ထမ်းအိမ်ရာများနှင့် စည်ပင်ဝန်ထမ်းအိမ်ရာများ၌ နေထိုင်သော မိသားစုဝင်များအား ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ က မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ဗဟို)နှင့် IPPF Spring တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။