ထားဝယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးနိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌  ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်တားဆီး နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို  အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို  ဇူလိုင် ၂၉ရက် ညနေ ၄ နာရီအချိန်က  မြို့ပေါ်ရပ်ကွက်များရှိ ‌လူသွားလူလာများသော လမ်းဆုံသို့သွားရောက်ပြီး ဆောင်ရွက်ခဲ့ကြသည်။

ရေးမြို့နယ်တွင် သံဃာတော်များ၊ သီလရှင်များနှင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးမှုကို မြို့နယ်အတွင်းကျောင်းတိုက်များမှ သံဃာတော်များနှင့် သီလရှင်များ၊ ဒေသခံပြည်သူများအား ယမန်နေ့ မွန်းလွဲ(၃:၃၀)နာရီက မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်(၅)နေရာ တွင် တပြိုင်နက်တည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် တွင် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရန် နိုင်ငံတော်အစိုးရမှဖြည့်ဆည်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင် ပြတ်တောက်ခြင်း မရှိစေရန် နိုင်ငံတော်အစိုးရကစီမံဆောင်ရွက်ပေးမှုဖြင့်   တပ်မတော်ပိုင် အောက်ဆီဂျင်စက်ရုံမှ ပထမအကြိမ် အောက်ဆီဂျင်အိုး များ ကို ဇူလိုင်လ ၂၈ ရက်နေ့က ရရှိခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေမှုအား ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယနေ့ နံနက် ၁၀ နာရီက ပဲခူးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်၌ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေပေး 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် ၁၆/၁ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်    

 ကရင်ပြ ည်နယ် ၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ဗိုလ်တထောင်မြို့နယ် The Love Boat ဆိုင်၌ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ ကမ်းနားဥပစာလမ်း၊ အမှတ်(၅)ဗောတံတားတွင် ဆိုက်ကပ်ဖွင့်လှစ် ထားသော The Love Boat ဆိုင်၌ အောက်ဆီဂျင်ဓာတ်ငွေ့အား ဆိုင်ပိုင်ရှင်မှ" ဧရာစံ" အောက်ဆီဂျင်စက်ရုံနှင့် ဓာတ်ငွေ့မျိုးစုံဖြန့်ဖြူးရောင်းချရေးမှ အောက်ဆီဂျင် ဓာတ်ငွေ့ မှာယူပြီး ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၂ နာရီအချိန်အထိ အောက်ဆီဂျင် အမှန်တကယ် လိုအပ်သူ ( ၄၉ )ဦးအား ဦးစားပေးအလိုက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ (၂) ရုံ ဩဂုတ်လအတွင်း တည်ဆောက်မည်

 ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မြန်ဆန်သည်နှင့်အမျှ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများလည်း မြင့်တက် လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်  လိုအပ် လျက်ရှိသော အောက်ဆီဂျင်ရရှိရေးအတွက်  ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် အောက်ဆီဂျင်ထုတ် စက်ရုံတည်ဆောက်နိုင်ရေး အလှူရှင်များမှအလှူငွေများနှင့်Oxygen Plant (၁)စုံ လှူဒါန်းခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၌ သံဃာတော်များနှင့် သီလရှင်များ ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံ​ပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံပေးမှုကိုမြို့နယ် အတွင်း  ကျောင်း တိုက်များမှ   သံဃာတော်များ၊   သီလရှင်များအား  ယနေ့နံနက်၉နာရီမှစတင်ကာ ပြည်နယ်ခန်းမတွင် စုရပ်အဖြစ်သတ်မှတ်၍ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ 
Subscribe to