ကော့ကရိတ် ဇူလိုင် ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းတွင် ဇူလိုင် ၂၆ ရက်နေ့ နံနက် ၁၀ နာရီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့ကရိတ်မြို့ ရပ်ကွက် / ကျေးရွာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ လျှပ်စစ်အန္တရာယ်ရှိနိုင်သော ထရန်စဖော်မာ (၁၇)လုံးအား မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ခဲ့ပြီး ယမန်နေ့က ရေပြန်လည်ကျဆင်းသွားသောကြောင့် အဆိုပါ ထရန်စဖော်မာ (၁၇)လုံးအနက် ထရန်စဖော်မာ (၁၃)လုံးအား ဓာတ်အားပြန်လည်ထုတ်လွှတ် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက် / ကျေးရွာများရှိ ဓာတ်အားပြန်လည်ထုတ်လွှတ်ပေးသည့် ထရန်စဖော်များမှာ အမှတ် (၁)ရပ်ကွက်ရှိ (၂၀၀)ကေဗီအေ (၁)လုံး မီးသုံးစွဲသူ (၃၂၀)ဦး၊ (၂၀၀)ကေဗီအေ (၃)လုံး မီးသုံးစွဲသူ (၅၈၀)ဦး၊ အမှတ် (၂)ရပ်ကွက်ရှိ (၂၀၀)ကေဗီအေ (၂)လုံး မီးသုံးစွဲသူ (၄၈၀)ဦး၊ အမှတ် (၄)ရပ်ကွက်ရှိ (၂၀၀)ကေဗီအေ ၁ လုံး မီးသုံးစွဲသူ ၁၅၀ဦး၊ အမှတ် (၆)ရပ်ကွက်ရှိ (၁၀၀)ကေဗီအေ ၂ လုံး မီးသုံးစွဲသူ ၁၆၀ဦး၊ နန်းကော်တိုးကျေရွာ ရှိ ၁၀၀ ကေဗီအေ ၂ လုံး မီးသုံးစွဲသူ (၈၄)ဦး၊ ကျောက်စရစ်ကုန်းကျေးရွာရှိ ၁၀၀ ကေဗီအေ ၁လုံး မီးသုံးစွဲသူ ၁၅ ဦး၊ တမိုင်ကုန်းကျေးရွာ ၁၀၀ ကေဗီအေ ၁လုံး မီးသုံးစွဲသူ (၉၆)ဦး စုစုပေါင်း မီးသုံးစွဲသူဦးရေ (၁၈၈၅) ဦးရှိ ကြောင်း သိရသည်။
မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ရေဝင်ရောက်လျက်ရှိနေသေးသည့် လျှပ်စစ်အန္တရာယ်ရှိသော ရေပူကြီးကျေးရွာအုပ်စု၊ လှိုင်ကွယ်ကျေးရွာရှိ ၁၀၀ ကေဗီအေ (၁)လုံးနှင့် အခြား ကျေးရွာများရှိ ၁၀၀ ကေဗီအေ (၄)လုံး စုစုပေါင်း ထရန်စဖော်မာ ၅လုံး မီးသုံးစွဲသူ (၆၂၃)ဦးအား လျှပ်စစ် ဓာတ်အား ဖြတ်တောက်ထားလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
စောအောင်မျိုးလွင်