မင်းလှမြို့ ကိုဗစ်-၁၉လူနာများအား နှစ်သိမ့်အားပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဆောင်ရွက်

အထက်မင်းလှ ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ ရွာတော်ကျေးရွာအုပ်စုတွင်းရှိ ဝါကြိတ်စက်ရုံတွင် ဖွင့်လှစ်ထားသည့် ကိုဗစ် Centre ရှိ Positive လူနာများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးစောင့် ရှောက်မှုပေးလျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီကမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မင်းလှမြို့နယ်ပြည်သူ့ ကျန်းမားရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာအောင်ရဲပိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး တို့က သွားရောက် နှစ်သိမ့်အားပေး ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်သိမ့်အားပေးကျန်းမာရေး အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက ကိုဗစ်-၁၉‌ ရောဂါကူးစက်ခံသည့် လူနာများအား ကျန်းမာရေးဝန်ထမ်းများက ဆေးကု‌သပေး‌‌နေသည့်အတွက် လူနာများအနေဖြင့် စိတ်ဓာတ်မကျပဲစိတ်ခွန်အားရှိရှိနေထိုင်ကြရန်၊ ကျန်းမာရေးအသိ ကျန်းမာရေးသတိဖြင့် နေထိုင်ကြရန်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် လက်ထောက်ဆရာဝန် ဒေါက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာအောင်ရဲပိုင် က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူလူနာများအနေဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ပေးထားသည် ဆေးဝါးများအား ပုံမှန်သောက်သုံးရန်၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း စသည့်ဝေဒနာများ ခံစားရပါက ကျန်းမာရေးဝန်ထမ်းများအားအသိပေးခြင်း၊ သတင်းပေးပို့ခြင်းများပြုလုပ်ကြရန် စသည့်ကျန်းမာရေး ဆိုင်ရာများအား အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မင်းလှမြို့နယ်ပြည်သူ့ ဆေးရုံသို့ သွားရောက် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ မင်းလှမြို့နယ်တွင်းရှိ Positive လူနာများအတွက် အားဆေး အပါအဝင် ဆေးလေးမျိုးအား လှူဒါန်းပေးခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက လက်ထောက်ဆရာဝန်‌ဒေါက်တာအောင်ရဲပိုင်ထံ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)