ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အစဉ်အမြဲ စွမ်းရည်ပြည့်ဝစေရန် အပတ်စဉ်လေ့ကျင့်မှုများဆောင်ရွက်
ရွှေတောင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက် တာဝန်ကြီး (၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေရာ မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ ကာကွယ်နိုင်စေရေးအတွက် လေ့ကျင့်ခန်းများအား အပတ်စဉ် သတ်မှတ်နေ့ ရက်များအလိုက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။