ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinophram) အား စတင်ထိုးနှံပေး

ဇီးကုန်း ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက်၊ မြသိန်းတန်ဘုရားဝန်းအတွင်း၌ ယနေ့နံနက်၉း၀၀နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)အား စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦး၏ ဦးဆောင်မှုဖြင့် ကျန်မာရေးဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်း(၁၃၄)ဦးတို့ကို ကိုယ်အပူချိန်တိုင်းတာခြင်း၊သွေးပေါင်ချိန်ခြင်းနှင့်ရောဂါအခံရှိမရှိစစ်ဆေးမေးမြန်းခြင်းများဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ထိုးနှံပေးခဲ့ကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးအာကာဖြိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့်အဖွဲ့ဝင်များက ကြည့်ရှုစီမံဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင်(၃၀)ရက်နေ့မှစတင်၍ မြို့နယ်အတွင်းဆေးထိုးအဖွဲ့(၁၁)ဖွဲ့ဖြင့် သက်ဆိုင်ရာဆေးထိုးစုရပ်နေရာများတွင် ကျေးရွာအုပ်စုအလိုက် ဩဂုတ်လ(၄)ရက်နေ့အထိ ဇီးကုန်းမြို့နယ်တွင် လူဦးရေ(၁၆၃၄)ဦးအားကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လေးပတ်ခြား၍ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ