ကော့သောင်း ဇူလိုင် ၃၀
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေးနှင့်အရေးပေါ်လုပ်ငန်းများတွင်တက်ကြွစွာ ဘော်လံတီယာလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိမြို့ဖစေတနာရှင် မိသားစုက ယမန်နေ့မွန်းလွဲပိုင်းက PPE level 2 ဝတ်စုံ များ ပေးအပ် လှူဒန်းခဲ့ကြောင်းသိရသည်။
ကိုဗစ်၁၉ကူးစက်ရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်စဉ်တစ်လျှောက် နေရာမရွေးပိုးသတ်ဆေးဖျန်းခြင်း၊ ပိုးတွေ့လူနာများအား ဝေးလံခေါင်ဖျားသည့်အရပ်မှကျန်းမာရေးဌာနသို့ ရောဂါထိန်းချုပ်နိုင်ရေး အချိန်နှင့် တစ်ပြေးညီသယ်ယူပို့ဆောင်ပေးခြင်း၊ ပြန်လည်ကျန်းမာလာသူများအား၎င်းတို့နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခြင်းနှင့်ရောဂါကြောင့်သေဆုံးသူများအားပို့ဆောင်ကူညီသဂြိုလ်ပေးခြင်းစသည့်လုပ်ငန်းများတွင် ရောဂါကူးစက်မှုမြင့်တက်နေသည့်ကြားမှတက်ကြွစွာကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကော့သောင်းမြို့၊ ရွှေအဏ္ဏဝါ ပရဟိတစေတနာ့ဝန်ထမ်းအဖွဲ့သို့ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးရည်ရွယ်ကာ ကော့သောင်းမြို့ ၊ အဏ္ဏဝါရပ်ကွက်၊ မြို့မဈေး ၊အန်တီအေး ကုန်စုံဆိုင်မှ ကိုငယ် + မမေနိုင်း မိသားစုမှ PPE level 2 ဝတ်စုံ အစုံ (၂၀၀) လှူဒါန်းပေးအပ်ခြင်းဖြစ်သည်။
အဆိုပါ ပရဟိတဘော်လံတီယာအဖွဲ့အနေဖြင့် မြို့နယ်အတွင်းကျန်းမာရေးကိစ္စများ၊ အရေးပေါ် ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှလိုက်ပါကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)