ကော့သောင်းမြို့နယ်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများရောက်ရှိ

ကော့သောင်း ဇူလိုင် ၃၀

တရုတ်နိုင်ငံထုတ်ကော့သောင်းမြို့နယ်အတွင်းပြည်သူများအားထိုးနှံပေးမည့်ကိုဗစ် Sinopharm ဆေးတနင်္သာရီတိုင်းဒေသကြီး ၊ ၁၉ ရောဂါကာကွယ်ဆေး (၂၁၅၀)လုံး ဇူလိုင်လ ၂၉ရက်နေ့ညနေပိုင်းက ဘုတ်ပြင်းမြို့နယ်မှတဆင့် ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

ကော့သောင်းတစ်ခရိုင်လုံးအတွက် ကာကွယ်ဆေး ဆေးအလုံးရေ(၃၅၀၀)လုံးရရှိခြင်းဖြစ်ပြီး ဇူလိုင်လ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီက တပ်မတော်လေယာဉ် အမှတ် 5819 ဖြင့် ဘုတ်ပြင်းလေဆိပ်သို့ ရောက်ရှိကာ ကော့သောင်းမြို့နယ်အတွက် အသုံးပြုမည့်ဆေး (၂၁၅၀)ုံးအား ကော့သောင်းခရိုင် ကျန်းရေးဦးစီးဌာနမှူး ဒေါက်တာ လင်းထိုက် မှလွဲပြောင်းလက်ခံယူ၍ ၎င်းမှတစ်ဆင့်မော်တော်ယာဉ်ဖြင့်ကော့သောင်းမြို့သို့ ထပ်မံသယ်ယူရောက်ရှိလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံထုတ်ကိုဗစ်၁၉ရောဂါကာကွယ်ဆေး Sinopharm (၂၁၅၀)လုံးကို တစ်လုံးလျှင် လူ(၂)ဦးနှုန်းဖြင့် ထိုးနှံပေးသွားမှာဖြစ်ပြီး ကော့သောင်းမြို့နယ်အတွင်း သက်ကြီးရွယ်အိုပြည်သူများနှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် အမြန်ဆုံးဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်စိုး(ကော့သောင်း)