ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ လုံထန်ကျေးရွာအုပ်စု နှင့် ထင်ပါကျိုင်းကျေးရွာ အုပ်စုများသို့ ကိုဗစ်−၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် ၁−၈−၂၀၂၁ ရက်နေ့ နေ့လယ် (၁၁) နာရီ အချိန်တွင် လောက်ကိုင်မြို့နယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ လောက်ကိုင် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ဒေါ်ချောချောအေး၊ ကုန်းကြမ်းမြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ဦးမောင်မောင်လိုက်ပါ၍ လုံထန်ကျေးရွာ အုပ်စု၊ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိပြီးလုံထန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံကာ ကျေးရွာနေပြည်သူများအား ကိုဗစ် − ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီနေထိုင်သွားရန်၊ ဒေသအတွင်းပြည်သူများ အခက် အခဲရှိပါက သတင်းပေးရန်ပြောကြားပါသည်။