ကျောက်ဆည်မြို့ ပြည်တော်သာပေါင်လောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၈၀)ကျပ် တတိယ အကြိမ် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်တော်သာပေါင်လောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေရန်ပုံင ကျပ်သိန်း(၃၈၀)ကျပ်ကို တတိယအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျေးရွာဘက်စုံ သုံးခန်းမတွင် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများအတိုင်း ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

ကော့ကရိတ်မြို့မိဂလုံကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်း​ဆောင်ရွက်

ကောကရိတ်ခရိုင် ကော့ကရိတ်မြို့နယ် မိဂလုံ​ကျေးရွာတွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေ​သော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)ကျေးရွာ ရွာတွင်းကွန်ကရစ် လမ်းခင်း​ဆောင်ရွက် ခြင်းလုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှစ၍ကျေးရွာလူထုလုပ်အားဖြင့် စတင်အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

ထန်တလန်မြို့နယ်၊ကြောင်ထီးယားကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်း ဖွင့်လှစ်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ ကြောင်ထီးယားကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်လျက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ကယ် ပြုပြင်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် စာသင် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်၉နာရီက အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)ရှိ အမှတ်(၃၁) အခြေခံပညာ မူလတန်း ကျောင်း၌ ကျင်းပသည်။

အမာမြို့၊(၁)ရပ်ကွက်၊ ခွါညိုလမ်းတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အုတ်ရေမြောင်း ပြုလုပ်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ (၁)ရပ်ကွက်ရှိ ခွါညိုလမ်းတွင် အမာမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ အုတ်ရေမြောင်း တစ်ခုကို ဇန်နဝါရီလ (၁၈)ရက်နေ့မှ စ၍ပြုလုပ် လျက်ရှိကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးကောက်တင်မြှောက်နိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးရွေးချယ်

ရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် ၁ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဆိုင်ရာ (ဒုတိယအကြိမ်ပြင်ဆင်သည့်)နည်းဥပဒေ၊ ဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက် နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးရွေးချယ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက ဟိုင်းကြီးကျွန်းမြို့ အမှတ် ၁ ရပ်ကွက်၊ မဟာကံထူးအံ့သာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ရှိပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ကျိုက်ဒုံမြို့တွင် သဘာဝမြေဆွေးပုံ အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ လက်တွေ့ပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ လယ်​တောကြီးကျေးရွာ တောင်သူဒေါ်အေးတင့်အိမ်ခြံဝင်း၌ ယမန်​နေ့က စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်လှမြင့်နှင့် စိုက်ပျိုးရေးဝန်ထမ်းများမှ သဘာဝမြေဆွေးပုံ အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ လက်တွေ့ ပြုလုပ်သုံးစွဲနည်းပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။

ချောင်းသာမြို့၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူးဆိုင်ရာ အသစ်ပြန်လည် ရွေးချယ်နိုင်ရေး နည်းဥပ​​ဒေများ အား အသိပညာပေး ရှင်းလင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူး ဆိုင်ရာ အသစ်ပြန်လည် ရွေးချယ်နိုင်ရေး နည်းဥပဒေများအား အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to